Rhenus Asia-Pacific သည် အာရှတွင်း တွန်းအားပေးမှုကို ဆက်လက်လုပ်ဆောင်ခြင်းဖြင့် ဖောက်သည် ဦးတည်သော နည်းဗျူဟာကို ခိုင်မာလာစေလျက် ရှိပါသည်။



Rhenus Asia-Pacific သည် အာရှ ပစိဖိတ်ရှိ နိုင်ငံ (၁၅) နိုင်ငံနှင့် ၎င်း၏ ဒေသများပါဝင်သော တကမ္ဘာလုံး ဆိုင်ရာ ဆုံမှတ်နေရာများပေါ်တွင် ဖောက်သည်ဦးတည်သော ချဉ်းကပ်နည်းလမ်းများဖြင့် စတင်ပါသည်။ ၂၀၂၀ ခုနှစ်အကုန်ပိုင်းတွင် အာရှတွင်း ရောင်းအားပမာဏများနှင့် ၀င်ငွေများအား နှစ်ဆတိုးမြှင့်ရန် ရည်မှန်းရာတွင် ၎င်း၏ ဒေသတွင်းတည်ရှိနေမှုကို အားကောင်းလာစေခြင်းနှင့် ဒစ်ဂျစ်တယ် နည်းလမ်းသစ် များအပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်းတို့သည် အဓိက သော့ချက်ဖြစ်သည်။

ရန်ကုန်၊ မြန်မာ - Media OutReach 15 ရက်နေ့၊ ဇန္နဝါရီ 2019 - အာရှနှင့် ပစိဖိတ်ဒေသတွင်း ၎င်း၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP)သည် ၂၀၀၀ ခုနှစ်တွင် (၃၁.၁) ရာခိုင်နှုန်းမှ ၂၀၁၇ ခုနှစ်တွင် (၄၂.၆) ရာခိုင်နှုန်းသို့ မြင့်တက်လာသောကြောင့် အာရှတွင်း ကုန်သွယ်မှုသည် တဖြည်းဖြည်း ကြီးထွားလာရာ စ်ကမလုံး တင်ပို့ကုန်များ သုံးပုံတစ်ပုံထက် များသည် ဟုလည်း ဖော်ပြထားသည်။  တရုတ်ပြည်မ ၊ အာရှမြောက်ပိုင်း ၊ အရှေ့တောင်အာရှနှင့် အနောက်ဘက် ကမ်းရိုးတန်း တောင်အမေရိကတို့တွင် ပျမ်းမျှဒေသဆိုင်ရာ အသုံးပြုမှုနေရာများ သိသိသာသာ တိုးမြင့်လာရန် စီစဉ်ဆောင်ရွက်မှုနှင့် ကမလုံးဆိုင်ရာ ပျမ်းမျှကုန်သေတာ အသုံးပြုမှုအား ၂၀၁၇ ခုနှစ်တွင် (၆၈)  ရာခိုင်နှုန်းမှ ၂၀၂၀ ခုနှစ်တွင် (၈၀) ရာခိုင်နှုန်း ၀န်းကျင်သို့ သိသိသာသာ တိုးလာစေရန် မျှော်မှန်းလျက် ရှိသည်။

 

၂၀၁၈ ခုနှစ် သြဂုတ်လ နယူးဇီလန်တွင် ရုံးအသစ်ဖွင့်လှစ်လိုက်ခြင်းနှင့် Rhenus Asia-Pacific သည် ဖောက်သည် လိုအပ်ချက်များနှင့် နည်းလမ်းသစ်များအပေါ်တွင် ပိုမိုဦးတည်ထားခြင်းဖြင့် ၎င်း၏ အာရှတွင်း တိုးတက်မှုနှင့် တည်ရှိမှုတို့ကို သိသိသာသာအရှိန်အဟုန် မြှင့်တင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ ကမလုံး ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းသည် အီလက်ထရောနစ် ကုန်သွယ် စီးပွားရေးနှင့် ဒီဂျစ်တယ် နည်းပညာများကဲ့သို့သော အခွင့်အလမ်းများအား ပေါ်ပေါက်လာစေရန်လည်း ရှာဖွေလျက်ရှိသည်။ ဖြစ်နိုင်ခြေရှိသော ကုမဏီများ ပေါင်းစည်းမှုနှင့် အခွင့်အလမ်းများအား ရရှိမှုတို့ကို သတ်မှတ်ရန်  ဆက်လက်ကြိုးပမ်းအားထုတ်လျက် ရှိသည်။

 

အာရှပစိဖိတ် နေရာဒေသအားလုံးနီးပါးတွင် ရှိနေခြင်းဖြင့် Rhenus သည် ၀န်ဆောင်မှုများ ၊ ထုတ်ကုန် များနှင့် နည်းလမ်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံလာသည်။ ကျွန်တော်တို့ အာရှတွင်း ကုန်သွယ်မှု ပမာဏသည် လွန်ခဲ့သော (၃)နှစ်တာ ကာလအတွက် တစ်နှစ်ပြီး တစ်နှစ် ၂၀ - ၃၀ ရာခိုင်နှုန်း ပုံမှန်တိုးတက်လျက်ရှိပြီး ၂၀၂၀ ခုနှစ်တွင် ၀င်ငွေ (၂)ဆ တိုးမြှင့်ရန် ရည်ရွယ်ထားပါသည်။ ကျွန်တော်တို့သည် ခိုင်မာသော လေကြောင်းနှင့် ပင်လယ်ရေကြောင်း ပို့ဆောင်ရေးတို့ကို ဆက်လက်လုပ်ဆောင်နေပြီး တခြားတစ်ဖက်တွင်လည်း ကုန်စည်များ သိုလှောင်သိမ်းဆည်းခြင်း ၊ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးနှင့် ရထားဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုလည်း ဒေသအတွင်း အရေးတကြီး လုပ်ဆောင်လျက်ရှိသည်။  ကျွန်တော်တို့သည် တခြားသော နိုင်ငံများအကြား အရှေ့တောင် အာရှနှင့် တရုတ်ပြည်မအတွက် အီလက်ထရောနစ် ကုန်သွယ်စီးပွားရေး ကြီးထွားလာစေရန်လည်း ရှာဖွေလျက်ရှိပါသည်ဟု Rhenus Asia-Pacific အမှုဆောင်အရာရှိချုပ် Jan Harnisch မှ ပြောကြားသည်။

 

နိုင်ငံပေါင်း ၁၅ နိုင်ငံနှင့် ဒေသများတွင် ရုံးခန်းများ ဖွင့်လှစ်ကာ ပြည်တွင်းဈေးကွက် ဗဟုသုတနှင့် အတွေ့အကြုံများသော ခေါင်းဆောင်များမှ ပဲ့ကိုင်ဦးဆောင်လျက်ရှိပြီး အာရှမှသည် ပစိဖိတ်နှင့် ဥရောပတစ်ခွင်တွင် ကုန်သွယ်မှုလမ်းကြောင်းများ တိုးချဲ့လုပ်ဆောင်လျက် ရှိပါသည်။

 

Rhenusသည် ကမတိုက်ကြီးများအားလုံးတွင် ခိုင်ခိုင်မာမာ တည်ရှိနေစေရန်အလို့ငှာ ရေရှည်ကြီးထွားမှု နည်းဗျူဟာ လမ်းကြောင်းပေါ်တွင် ရောက်ရှိနေပါသည်။ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းသည် အရှေ့တောင်အာရှ ဈေးကွက်များတွင် ကျွန်တော်တို့ တည်ရှိမှုကို ကျယ်ပြန့်လာစေသော သော့ချက်တစ်ခုဖြစ်သည်။ ကျွန်တော်တို့သည် လေကြောင်းပို့ဆောင်ရေးတွင် အထူးသဖြင့် ဟောင်ကောင် - ဘန်ကောက် ၊ တိုင်ပေ - ဘန်ကောက် ၊ ဟောင်ကောင် - ဒေလီ ၊ စင်ကာပူ - ဘန်ကောက် ၊ ရှန်ဟိုင်း - ဘန်ကောက်တို့ကြား ကုန်သွယ်မှု လမ်းကြောင်းများ ခိုင်မာသော တိုးတက်မှုအား မြင်နေရပါပြီဟု Rhenus Board အဖွဲ့ဝင်တစ်ဦးဖြစ်သော Tobias Bartzမှ ပြောပါသည်။

 

နည်းပညာရပ် အသစ်များဖြင့် ပို့ဆောင်ရေးလုပ်ငန်း ဈေးကွက်နေရာနှင့် ဖောက်သည် မျှော်မှန်းချက်များကို ပြန်လည်ဖော်ဆောင်ပြီး Rhenus သည် အလိုအလျောက်လုပ်ငန်းစဉ်များ ၊ ရောင်းချသူများနှင့် အီလက်ထရောနစ် အချက်အလက်များ လဲလှယ်မှုများကို ပေါင်းစည်းခြင်း ၊ ရုံးတွင်း မေးမြန်းစုံစမ်းမှုများကို စီမံခန့်ခွဲရန် နည်းစနစ်များကို အသုံးပြုခြင်းဖြင့် အရှေ့မှ ဦးဆောင်လျက် ရှိပါသည်။

 

သက်ဆိုင်ရာ နိုင်ငံအကြောင်း လေ့လာလိုပါက နောက်ဆက်တွဲသို့ ကြည့်ပါရန်။

 

အာရှပစိဖိတ်တွင်းRhenus သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းစဉ် နောက်ဆုံးသတင်းများ၊ အချက်အလက် များကို https://www.rhenus.com တွင် ကြည့်ရှုနိုင်ပြီး https://www.linkedin.com/company/rhenus-logistics-asia-pacific/ သို့ ချိတ်ဆက်ထားလည်း သိရှိနိုင်ပါသည်။

 

Rhenusအကြောင်း တစေ့တစောင်း

Rhenus Groupသည် တစ်ကမလုံးအနှံ့ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုများ ပံ့ပို့ပေးသည့် လုပ်ငန်းဖြစ်ပြီး နှစ်စဉ်ဝင်ငွေ ယူရို ၄.၈ ဘီလီလျံရှိပါသည်။ Rhenusသည် ကမအနှံ့ နေရာပေါင်း (၆၁၀) တွင် ရုံးများဖွင့်လှစ်ထားပြီး ၀န်ထမ်းပေါင်း (၂၉၀၀၀) ရှိပါသည်။ Rhenus လုပ်ငန်းများဖြစ်သော ကုန်စည် သိုလှောင်ပို့ဆောင်ရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်း ၀န်ဆောင်မှု လုပ်ငန်းတို့သည် ရှုပ်ထွေးသော ပို့ဆောင်မှုလုပ်ငန်းများအား စီမံခန့်ခွဲ တီထွင်ဆန်းသစ်ပြီး တန်ဖိုးမြှင့်ထားသော ၀န်ဆောင်မှုများကို ပံ့ပိုးပေးလျက် ရှိပါသည်။

 

နောက်ဆက်တွဲ။    ။ နိုင်ငံနှင့် ဒေသအကြောင်း တစေ့တစောင်း

ဒေသဆိုင်ရာ အမှုဆောင်အရာရှိကိုးကားချက်များ

အရှေ့တောင်အာရှရှိ တည်ငြိမ်နေသော ဈေးကွက်အတွင်းသို့ Rhenusသည် အရှိန်အဟုန်ဖြင့် ချဲ့ထွင်မှု စတင်လာသည်။ လွန်ခဲ့သည့် ၁၂ လ ကာလအတွင်း တဖြည်းဖြည်း တိုးတက်ကြီးထွားလာမှုအား မြင်တွေ့ရပြီး ဒေသတွင်း လမ်းနှင့် ကုန်စည်သိုလှောင်မှု နည်းလမ်းများအတွက် လိုအပ်ချက်ကို ကိုက်ညီစေရန် ဆက်လက်ဦးတည် လုပ်ဆောင်လျက်ရှိသည် ဟု Rhenus Asia-Pacific အရှေ့တောင်အာရှအမှုဆောင်အရာရှိချုပ် Joachim Hanssen မှ ဆိုသည်။

 

ဥပမာအားဖြင့် တရုတ်ပြည်မ ဈေးကွက်တွင် Rhenusသည် အစဉ်သဖြင့် တိုးချဲ့နေရာယူလျက်ရှိပြီး ရုံးပေါင်း  (၁၆) ရုံးနှင့် ပစည်းသိုလှောင်ရာနေရာ (၄) နေရာ ရှိခြင်းဖြင့် အဓိက ကုန်သွယ်ရေးစခန်းအားလုံးကို ရောက်ရှိနေပြီဖြစ်သည်။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အမျိုးမျိုးဖြင့် အာရှပစိဖိတ်တွင်း ကျွန်တော်တို့လုပ်ငန်းများအား ထပ်အရှိန်အဟုန်မြှင့်တင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်ဟု Rhenus Aisa-Pacific တရုတ်ပြည်မ ဒေသအမှုဆောင်အရာရှိချုပ် Michael Sickingerမှ ပြောကြားသည်။  



Penerbit bertanggung jawab penuh atas isi pengumuman ini

Siaran Pers Sebelumnya

LEBIH LANJUT

Talk to Media OutReach Newswire today

HUBUNGI KAMI SEKARANG