ယိုချီမီယာဇာကီရဲ့ နေရာကို ဆက်ခံမယ့် ဟောင်ကွက်တီယန်၊ တိုယိုတာရဲ့ အာရှဒေသ အမှုဆောင်အရာရှိခုပ်အဖြစ် ခန့်အပ်ခံရမည်



စင်္ကာပူ - Media OutReach - ၆ ဧပြီ၊ ၂၀၂၂ - ဧပြီ ၁၊ ၂၀၂၂ Toyota Motor Asia Pacific Pte Ltd (TMAP) က သူ့ရဲ့ အာရှဒေသအမှုဆောင် အရာရှိချုပ်ဖြစ်တဲ့ ယိုချီမီယာဇာကီကို ဧပြီလ ၁ ရက်၊ ၂၀၂၂ ခုနှစ်နေ့ကစပြီး တိုယိုတာမော်တာ ကော်ပိုရေးရှင်း (TMC) Toyota Motor Asia Pacific Pte Ltd (TMAP) ရဲ့ စီမံဆောင်ရွက်မှုရေးရာ အရာရှိနှင့် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုပိုင်းဆိုင်ရာ အရာရှိချုပ်အဖြစ် ရာထူးတိုးမြှင့်လိုက်ပါတယ်။ ယိုချီမီယာဇာကီဟာ ၂၀၂၀ ခုနှစ်ကတည်းက တိုယိုတာအတွက် အာရှဒေသကို ဦးဆောင်လာခဲ့ပြီး ယခုအခါ ကျွန်ုပ်တို့၏ ဖောက်သည်များအတွက် "အမြဲ ပိုကောင်းမွန်သော ရွေ့လျားသွားလာနိုင်စွမ်း ဖြေရှင်းနည်းများ" ကို ပေးရင်းဖြင့် ဒေသအားလုံး အနှံ့တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုကို မြှင့်တင်ရန်၊ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ရနိုင်စွမ်းရှိမှုတွင် ပါဝင်ကူညီရေးအတွက် "မြို့ထဲတွင် အကောင်းဆုံး" ဖြစ်အောင် လုပ်ရန် တာဝန်ရှိသူများ ဖြစ်လာပြီဖြစ်သည်။

စီမံဆောင်ရွက်ရေးရာ အရာရှိချုပ်နှင့် TMAP ၏ ဒေသတွင်းစီမံဆောင်ရွက်မှုရေးရာ အရာရှိ ဟောင်ကွတ်တိယန်သည် ယိုချီမီယာဇာကီရဲ့ နေရာကို ဆက်ခံသူဖြစ်ပြီး TMC အတွက် အာရှဒေသ အမှုဆောင်အရာရှိချုပ်နှင့် TMAP ၏ ဥက္ကဋ္ဌအဖြစ် ရာထူးတိုးသွားမှာဖြစ်သည်။ ထို့အပြင် တိုယိုတာ ငွေကြေးဝန်ဆောင်မှုများအတွက် အာရှဒေသ အမှုဆောင်အရာရှိချုပ်အဖြစ်နှင့် TMC အတွက် အရောင်းနှင့် ငွေကြေး လုပ်ငန်းစု လက်ထောက်အရာရှိချုပ်အဖြစ် သူ၏ တာဝန်ဝတ္တရားများကို တစ်ပြိုင်နက် ထိန်းသိမ်းဆောင်ရွက်ရင်းဖြင့် Toyota Daihatsu Engineering & Manufacturing Co., Ltd. ၏ ဒုဥက္ကဋ္ဌရာထူးကိုလည်း ထမ်းဆောင်သွားမည်ဖြစ်သည်။

ဟောင်ကွတ်တီယန်သည် တိုယိုတာ ကနေဒါသို့ ၁၉၉၉ ခုနှစ်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်ကတည်းက သူသည် မြောက်အမေရိက၊ ဂျပန်၊ တရုတ်နှင့် စင်္ကာပူ - ဒေသများစွာတွင် Toyota နှင့် Lexus အတွက် အရောင်းနှင့် စျေးကွက်ရှာဖွေရေးအပိုင်းတွင် အဓိကကျသော အမှုဆောင်ရာထူးများစွာကို ထမ်းဆောင်ခဲ့သည်။

ယခုအခါ ဟောင်ကွတ်တီယန်သည် အာရှ၏ ရည်မှန်းချက်ကြီးလှသော လုပ်ငန်းစီမံကိန်းများကို အောင်မြင်အောင် စူးစိုက်လုပ်ဆောင်ရာတွင် တိုယိုတာအား ကားကုမ္ပဏီတစ်ခုမှ ရွေ့လျားသွားလာနိုင်စွမ်းရှိ ကုမ္ပဏီတစ်ခုအဖြစ်သို့ ကူးပြောင်းနေခြင်းကို ဦးဆောင်သွားမည်ဖြစ်သည်။ ယင်းတွင်လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်သော ယာဉ်များ စတင်မိတ်ဆက်ရောင်းချခြင်း၊ တန်ဖိုးကွင်းဆက်တစ်ခုလုံးတွင် ကာဗွန်ထုတ်လွှတ်မှုနှင့် စုပ်ယူမှုမျှခြေရှိခြင်းဆီသို့ တွန်းအားပေးခြင်းနှင့် အာရှ အရောင်းနှင့် ထုတ်လုပ်ရေးကုမ္ပဏီများ (ASMCs) နှင့် အရောင်းနှင့် ငွေကြေးကုမ္ပဏီများ (SFCs) တို့နှင့် ဒေသတွင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုမှတဆင့် အမျိုးမျိုးသော ရွေ့လျားသွားလာနိုင်စွမ်း ပဏာမခြေလှမ်းများကို စတင်ခြင်းတို့ ပါဝင်သည်။

စီမံဆောင်ရွက်မှုရေးရာ အရာရှိချုပ်နှင့် TMAP ၏ ဒေသတွင်း စီမံဆောင်ရွက်မှုရေးရာ အရာရှိ ဖြစ်လာသော ဟောင်ကွတ်တီယန် က မှတ်ချက်ချသည်မှာ "အာရှဟာ သူ့ရဲ့ ဒုတိယအိမ်လို့ အလေးအနက် တိုယိုတာက ယုံကြည်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ရှည်ကြာပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ သမိုင်းကြောင်းကြောင့် နိုင်ငံများစွာမှာ စျေးကွက်ကို ဦးဆောင်သူ ဖြစ်စေပါတယ်။ ဒီလိုနဲ့ အရည်အသွေး၊ ခံနိုင်ရည်ရှိမှုနဲ့ မှီခိုအားထားနိုင်စွမ်း အမြင့်မားဆုံးပေစွမ်းတဲ့ နည်းပညာအဆင့်မြင့် ယာဉ်တွေကို များပြားလှတဲ့ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ရွေ့လျားသွားလာနိုင်စွမ်းဆိုင်ရာ ကုမ္ပဏီတစ်ခုအဖြစ် ကျွန်တော်တို့ဘာသာ ကူးပြောင်းနေရင်း၊ ကျွန်တော်တို့ ဖောက်သည်များရဲ့ မျှော်မှန်းချက်များနဲ့ ကိုက်ညီစေမယ့် စိတ်လှုပ်ရှား၊ ပျော်ရွှင်မှုကို ယူဆောင်ပေးရင်း ဒီအုတ်မြစ်ပေါ် ဆက်တည်ဆောက်ရမှာ ကျွန်တော် အလွန်ပဲ စိတ်လှုပ်ရှားမိပါတယ်။အကျယ်ပြောဆုံးနဲ့ သုံးစွဲနိုင်စွမ်းအရှိဆုံး အသင့်ပြင်ထားတဲ့ လျှပ်စစ်ကားတွေနဲ့ ရွေ့လျားသွားလာရေး ဖြေရှင်းနည်းမျိုးစုံအပါအဝင် အမျိုးမျိုးသော နည်းပညာဆိုင်ရာ လမ်းကြောင်းများသုံးပြီး ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖို့ ကျွန်တော်တို့က ရည်မှန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ CEO ဖြစ်တဲ့ အခိအို တိုယိုဒါရဲ့ အမြင်နဲ့ အလားတူပဲ အဲဒီလိုလုပ်ဆောင်ခြင်းက "အားလုံးအတွက် ရွေ့လျားသွားလာနိုင်စွမ်း" ကို ကျွန်တော်တို့ ဖန်တီးနိုင်စေမှာဖြစ်ပြီး "ဘယ်သူမှ နောက်မကျန်ခဲ့စေရ" ဆိုတဲ့ ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (UN SDGs) ကူးပြောင်းရေးဆိုင်ရာ ကတိစကားကို ကျွန်တော်တို့က ပံ့ပိုးပေးနိုင်တယ်ဆိုတာကိုလည်း သေချာစေမှာဖြစ်ပါတယ်။


Penerbit bertanggung jawab penuh atas isi pengumuman ini
တိုယိုတာမော်တာ  အာရှ ပစိဖိတ်အကြောင်း
တိုယိုတာမော်တာ အာရှ ပစိဖိတ်အကြောင်း
တိုယိုတာမော်တာ အာရှပစိဖိတ် [TMAP] ကို စင်္ကာပူနိုင်ငံတွင် ဖွဲ့စည်းထား‌ပြီး တိုယိုတာ မော်တာ ကော်ပိုရေးရှင်း၏ ဒေသတွင်း ကော်ပိုရိတ် ရုံးချုပ်များနှင့် လက်ခွဲကုမ္ပဏီဖြစ်သည်။

TMAP သည် အာရှပစိဖိတ်ဒေသတွင် အရောင်းနှင့် စျေးကွက်ရှာဖွေရေး လှုပ်ရှားမှုများ၊ အရန် ပစ္စည်းများ၊ ဆားဗစ်ပိုင်း ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ဖောက်သည် ဝန်ဆောင်မှုပေးခြင်းများအပိုင်းတွင် ဦးဆောင်ပြီး ပံ့ပိုးပေးရသောကြောင့် ဒေသတွင်းရှိ အလုံးစုံသော ကားလုပ်ငန်းလောကနှင့် ဒေသတွင်း စီးပွားရေးတိုးတက်မှုအတွက် ပါဝင်ကူညီလျက်ရှိသည်။

တိုယိုတာက အနာဂတ်တွင် ရွေ့လျားသွားလာနိုင်စွမ်းရှိ လူ့အဖွဲ့အစည်းထံ အားလုံးအတွက် ရွေ့လျားသွားလာရာတွင် လွတ်လပ်မှုရှိခြင်းကို ဆောင်ယူလာပေးရန် မျှော်မှန်းထားသည်။ ရှေ့သို့ခရီးဆက်ရင်းဖြင့် ကျွန်ုပ်တို့က တိုယိုတာကို ရွေ့လျားသွားလာနိုင်စွမ်းရှိ ကုမ္ပဏီတစ်ခုအဖြစ် အသွင်ပြောင်းလဲနေကြောင်းကြောင့် ကမ္ဘာတစ်ခွင်ရှိ လူများထံသို့ စုံလင်ကွဲပြားသော အမျိုးအစားများရှိသည့် ရွေ့လျားသွားလာရေး ဝန်ဆောင်မှုများနှင့် ပို့ဆောင်ရေး ဖြေရှင်းနည်းများကို တိုယိုတာက ပံ့ပိုးပေးပါမည်။
SUMBER:

Toyota Motor Asia Pacific

KATEGORI:

Business

DIPUBLIKASIKAN PADA:

06 Apr 2022

Siaran Pers Sebelumnya

LEBIH LANJUT
#Automobile #Business

19 December 2022

Toyota Asia’s Multiple Pathways towards Carbon Neutrality

Talk to Media OutReach Newswire today

HUBUNGI KAMI SEKARANG